သုံးခွ အောက်တိုဘာ ၁၉
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ကျောင်းသူ၊ ကျောင်းသားများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရေးအတွက်ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲကို ကြုံကြိတ်ကျေးရွာ အ.မ.ကကျောင်းတွင် ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးမိုးဌေးက ကျောင်းသား/သူလေးများအား စာအုပ်စာပေများကိုလေ့လာဖတ်ရှု လေ့လာစေလိုကြောင်း၊ ကျောင်းစာအပြင် ဗဟုသုတရဖွယ်စာအုပ်စာပေများကို ဖတ်ရှုစေလိုကြောင်း၊ အသိဉာဏ်ပညာပိုမိုတိုးပွား၍ နိုင်ငံသားကောင်းရတနာလေးများ ဖြစ်စေလိုပါကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်လှိုင်သူဇာက ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုအကြောင်း သိကောင်းစရာများနှင့် စာဖတ်ခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးတို့ကို အသိပညာပေးဟောပြောခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်/ဆက်ဦးစီးဌာနမှ ပြသထားသည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်များ၊ ဆိုင်ကလုန်းမုန်တိုင်းနှင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ ပြင်ဆင်ဆောင်ရွက်ထားရှိမှု နံရံကပ်စာစောင်များနှင့် လူကုန်ကူးမှုအသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်စားစွာကြည့်ရှုကြပြီး သုတ၊ ရသစာအုပ်များကို စိတ်ပါ၀င်စားစွာဖတ်ရှု လေ့လာကြကြောင်းသိရသည်။
စည်သူလင်း ပြန်/ဆက်