တောင်တွင်းကြီးမြို့နယ်တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေး

တောင်တွင်းကြီး စင်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့်  ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ဒုတိယနေ့အဖြစ် တောင်တွင်းကြီး-မကွေးလမ်းတလျောက် ရွှေကြာအင်း(၁)ရပ်ကွက်၊ ရွှေကြာအင်း(၂)ရပ်ကွက်၊ အုန်းတော(၁)ရပ်ကွက်တို့ရှိ စားသောင်ဆိုင်များအား ယနေ့နံနက် (၉)နာရီက  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအနေဖြင့် ဆိုင်ထိုင်ရောင်းချခြင်းမပြုဘဲ ပါဆယ်စနစ်(Take-Away)ဖြင့် သာရောင်းချသွား ရန် ထုတ်ပြန်ပြီးဖြစ်သဖြင့် လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့် အညီ ရောင်းချခြင်း ရှိ/မရှိ၊ ဆိုင်ရှင်များမှ လက်ဆေးဘေစင်များ၊ လက်သန့်ဆေးရည် သို့မဟုတ် ဆပ်ပြာများ ထားရှိခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး သတ်မှတ်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ကြရန် အသိပေးမှာကြားခဲ့ကြောင်းသိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာ၀န်ရှိသူများ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အေးမိုးမိုးမြင့်(ပြန်/ဆက်)