ရှားတောမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် ဆင့်ပွားသင်တန်း  ဆက်လက် ဖွင့်လှစ်

ရှားတော   စက်တင်ဘာ   ၁၆


၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် နိုင်ငံတစ်ဝှမ်းလုံး ပါတီစံဒီမိုကရေစီ အထွထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အခြေခံကျသောရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များအား လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရန်နှင့် ဉပဒေ၊ နည်းဉပဒေများနှင့်အညီလိုက်နာကျင့်သုံးဆောင်ရွက်နိုင်ရန် အတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်ဆင့်ပွားသင်တန်း တတိယအသုတ်ကို ယနေ့နံနက် (၉)နာရီအချိန်က ရှားတောမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 
ယင်းသင်တန်းတွင် သင်တန်းနည်းပြအဖြစ် မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကူးရယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးစန်းဝင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဒုတိယဦးစီးမှူး ဦးဇော်လင်းဌေး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များဖြစ်ကြသော ဒေါ်ယဉ်ထွေးငယ်နှင့် ဦးသန်းစိုးတို့က သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ကြားပို့ချခဲ့ပြီး ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင် (၆၀)ဦးကို ကိုဗစ်−၁၉ ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရေးအတွက် ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ (၁)သုတ်လျှင် (၁၅)ဦးနှုန်းဖြင့် စက်တင်ဘာ ၁၅ ရက်နေ့တွင်(၂)သုတ် ဖွင့်လှစ်ခဲ့ပြီ  ယနေ့တွင် (၂)သုတ် ဆက်လက်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 ရှားတောမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၃)စု ကျေးရွာပေါင်း (၂၀)ရွာရှိပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံပေါင်း(၉)ရုံဖွင့်လှစ်သွားမည်ဖြစ်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင် (၆၀)ဦးရှိကြောင်းသိရသည်။
ထွန်းအောင်(ပြန်/ဆက်)