မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး နယ်စပ်ဈေးရှိ မြို့မ စည်ပင်သာယာဈေး အား တစ်ပတ်လျှင်သုံးရက်သာ ဖွင့်လှစ်

မယ်စဲ့     စက်တင်ဘာ     ၁၆


ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် နယ်စပ်ဈေးရှိ မြို့မစည်ပင်သာယာဈေးအား စက်တင်ဘာ ၁၄ ရက်မှ စတင်၍ တစ်ပတ်လျှင် တနင်္လာ၊ ဗုဒ္ဓဟူး၊ စနေ သုံးရက်သာ ဖွင့်လှစ်ခွင့်ပြုကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် ပြည်တွင်းကူးစက်မှုနှင့် သေဆုံးမှုများပြားလာသည့်အတွက် မိမိတို့မြို့နယ် အတွင်း ကူးစက်ပြန့်ပွားမှု မရှိစေရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးစိုင်းပွန်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့ ပူးပေါင်း၍ ဈေးအဝင် အဝတွင် လက်ဆေး ဘေစင်များ ထားရှိပေးပြီး မြို့မစည်ပင်သာယာဈေးသို့ လာရောက်ဈေးဝယ်သူများအား လက်ဆေးစေခြင်း ဈေးရောင်းသူနှင့် ဝယ်ယူသူများ ခြောက်ပေအကွာ သတ်မှတ်၍ နှာခေါင်းစည်း များ တပ်ဆင်ကာ ဝယ်ယူရောင်းချစေခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသိပညာပေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)