ဝါးခယ်မမြို့၊ မြို့မ‌ဈေးအတွင်းရှိ လက်လီလက်ကား ရောင်းချနေသော ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

ဝါးခယ်မ စက်တင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဝါးခယ်မမြို့၊ မြို့မဈေးအတွင်းရှိ လက်လီ လက်ကားရောင်းချနေသော ဆေးဆိုင်များတွင် သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချမှုရှိ၊ မရှိနှင့် ဆေးပစ္စည်းများ သိုလှောင်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ထား​သော စည်းကမ်းချက်များနှင့် အညီ ဆေးပစ္စည်းများကို ပုံမှန်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိခြင်း၊ ကျန်းမာရေးထောက်ခံချက်ရရှိထားသော ဆေးဝါးများကိုသာ ရောင်းချခြင်း၊ ကျန်းမာရေးနှင့် ကိုက်ညီ‌သော အမှတ်အသာ၊ တံဆိပ်များပါဝင်မှုရှိခြင်းတို့ကို စစ်ဆေးတွေ့ရှိရပြီး သတ်မှတ်ထားသော စံချိန်စံညွှန်းများပြည့်မီစွာဖြင့် ရောင်းချနေကြကြောင်း သိရသည်။

ဟိန်းထက်လင်း ဝါးခယ်မ (ပြန်/ဆက်)