ရွှေတောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအကြိမ် (2 nd Booster Dose) ဆက်လက်ထိုးနှံ

ရွှေတောင် သြဂုတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သုံးကြိမ်ထိုးနှံပြီးသူများအား စတုတ္ထအကြိမ် (2 nd Booster Dose) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ရွှေတောင်မြို့ ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ကာကွယ်ဆေး သုံးကြိမ်ထိုးနှံပြီး၍ ခြောက်လပြည့်ပြီးသောသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးစတုတ္ထအကြိမ်ကို ထိုးနှံပေးခဲ့သည်။ ယနေ့တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စုတို့မှ ပြည်သူတို့အား ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးရှိရာ ယနေ့ထိ (၁၇၆) ဦး  ရှိကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)