မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားဆောင်ရွက်

မင်းတုန်း ဩဂုတ် ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ စပါးတန်းကျေးရွာ၌ ယနေ့နံနက် ၁၀ နာရီတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနား ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ စိုက်ပျိုး‌ရေးဦးစီးဌာန မြို့နယ်ဦးစီးမှုးနှင့်အဖွဲ့တို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) မိတ်ဆက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ဆီထွက် သီးနှံနေကြာ စိုက်ပျိုးမှုနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက စီမံကိန်း သဘောသဘာဝအား ရှင်းလင်းဆွေးနွေးခဲ့ပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ကော်မတီအား ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)