ကျောက်တန်းမြို့နယ်အတွင်း မိုးစပါး ဧက ၁၀၇၉၅၇ ်စိုက်ပျိုးပြီးစီး

ကျောက်တန်း ဩဂုတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း မိုးစပါး ၁၀၇၉၅၇ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး လက်ရှိအခြေအနေတွင် မိုးရေပြည့်စုံ၍ မိုးစပါးစိုက်ခင်းများ ကောင်းမွန်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မိုးစပါးစိုက်ခင်းများ အောင်ရေထိန်းသိမ်းရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးသန်းနှင့် ဝန်ထမ်းများက စိုက်ကွင်းများအရောက် ကွင်းဆင်း၍ ကန်သင်းဆင့်ခြင်း၊ ကတွတ်ပေါက်ပိတ်ခြင်း၊ ထူးပေါက်ပိတ်ခြင်း စသည့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

ကျောက်တန်းမြို့နယ်အတွင်း စိုက်ပျိုးသော စပါးမျိုးများမှာ ငကျွဲ၊ မနောသုခ၊ ရွှေဝါထွန်း၊ စူပါနှံကောက်၊ ရာကျော်၊ ဆင်းသွယ်လတ်၊ ဆင်းသုခ၊ မြီးဒုံး၊ မှော်ဘီ ၃၊ ကောက်ညှင်း၊ ငစိန် တို့ ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်၊ ပြန်/ဆက်