ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ကွမ်းခြံကုန်း ဩဂုတ် ၁၅

ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက စာရေးဆရာမ ပေါက်ပေါက် ရေးသားသည့် “စာနာအလိုက်သိစွာ အတွေးအမြင်အနုပညာ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပြုလုပ်သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ဒေါ်နန့်ဆွေနွယ်ဦး(ဦးစီးအရာရှိ)က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာပေချစ်မြတ်နိုးသူများအသင်း (Youth Club) အဖွဲ့ဝင် ကိုဉာဏ်လင်းဦးက စာရေးဆရာမ ပေါက်ပေါက် ရေးသားထားသည့် စာနာအလိုက်သိစွာ အတွေးအမြင် အနုပညာစာအုပ်ထဲမှာ ပါဝင်သည့် အကြောင်းအရာများကို တက်ရောက်လာသည့် စာပေချစ်သူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online page မှ တဆင့်စာအုပ်မိတ်ဆက်၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း အပြင်စာအုပ်များ ငှားရမ်းပေးခြင်း၊ ပြပွဲများ၊ ပြိုင်ပွဲများ၊ သင်တန်းများ ကျင်းပပြုလုပ်ပေးခြင်း (Talk Show) နှင့် စာဖတ်ဝိုင်းများကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(ဆွေနွယ် IPRD)