ကွမ်းခြံကုန်း သြဂုတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင် တိုင်းရင်းဆေးကုဌာနမှ ကျေးရွာနေပြည်သူများ ကျန်းမာရေးကောင်းမွန်စေရန် ရည်ရွယ်၍ ယမန်နေ့က တော်ခရမ်းလေးကျေးရွာသို့ ကွင်းဆင်း၍ ပြည်သူများအား (အခမဲ့) ဆေးကုသခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝေဝေစိုးကျန်းမာရေး အသိပညာပေးအကြောင်း ဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးမှူးနှင့် ဆရာမများက ပြည်သူများအားတိုင်းရင်းဆေးဖြင့် ဒူးနာ၊ ခါးနာ၊ ဇက်ကျီးပေါင်း၊ အကြောတက်ကိုက်ခဲခြင်း၊ ထိခိုက်၊ ဒဏ်နာ၊ လေငန်း လေဖြတ်ရောဂါ၊ ထုံနာကျင်နာ၊ ယာယံနာ၊ အိပ်မပျော်ခြင်း၊ မီးယပ်မမှန်ခြင်းနှင့် နှလုံးရောဂါစသည့် လူနာ(၈၆)ဦး( အခမဲ့) ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။
ဆွေနွယ်(IPRD)