မြစ်ကြီးနား သြဂုတ် ၁၅
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ကာကွယ် ဆေးထိုးလုပ်ငန်း များ သတ်မှတ်ကာလအတွင်း အရှိန်အဟုန်မပျက် ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များနှင့် ခရိုင်၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇအသစ်များ ထပ်မံကူးစက်ဖြစ်ပွား ဖြစ်ပွားလျက်ရှိနေသည့်အတွက် သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက် များအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ကြရန်နှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပေးနိုင်ရေးကို ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထပ်ဆောင်းနောက်ဆုံးအကြိမ် ထိုးနှံပြီးစီးမှုကာလ (၆)လပြည့်ပြီးနှင့် အထက်ရှိသော အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) ထိုးနှံပေးနိုင်ရေးနှင့် သက်တမ်းကုန်ဆုံးမည့် ကာကွယ်ဆေးများကိုလည်း အချိန်မီသုံးစွဲနိုင်ရေးအတွက် ခရိုင်၊ မြို့နယ်များအနေဖြင့် ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်များရေး ဆွဲတင်ပြရန်နှင့် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်မှုရှိစေရေး၊ တွေ့ကြုံလာနိုင်သည့် အခက်အခဲများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးဦးက ပြည်နယ်အတွင်း ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် တပ်မတော်မှ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြီး ပြည်နယ်ကော်မတီ အတွင်းရေးမှူး လုံခြုံရေးနှင့်နယ် စပ်ရေးရာဝန်ကြီး၊ တွဲဖက်အတွင်း ရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးတို့က ပြည်နယ် အတွင်း ကာကွယ်ဆေးအမျိုးအစားအလိုက် ထိုးနှံပြီးစီးမှုနှင့် ဆေးလက်ခံကျန်ရှိမှု၊ ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများ၊ ပိုးတွေ့လူနာထပ်မံတွေ့ရှိမှုအခြေအနေနှင့် စာရင်းရေးသွင်းခြင်း လုပ်ငန်းများ တိကျမှန်ကန်မှုရှိစေရေးဆောင်ရွက်သွားရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ခရိုင်(၆)ခရိုင်နှင့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာ ခရိုင်/မြို့နယ်များအလိုက် ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအ ခြေအနေများ၊ ကာကွယ်ဆေးအမျိုးအစားအလိုက် လက်ကျန် ကျန်ရှိမှုအခြေအနေများ၊ ကျောင်းပြင်ပ ကလေးငယ်များအား ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပေးနိုင်ရေးနှင့် ထပ်မံထိုးနှံပေး သွားရမည့်အရေ အတွက်နှင့် စာရင်းများ စနစ်တကျပြုစုရေးသွင်းနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုများနှင့် လိုအပ်ချက်များ၊ ဒေသအခြေအနေအရ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံလာနိုင်သည့် အခက်အခဲများကို တင်ပြဆွေးနွေး ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ကာကွယ်ဆေး ထိုးလုပ်ငန်းကို စီမံချက်ပါအတိုင်း ပြည်သူများအား အကြိမ်ပြည့် ထိုးနှံပေးနိုင်ရေး၊ သတ်မှတ်ကာလထက် ဆောလျင်စွာ ပြီးစီးအောင် ဆောင်ရွက်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)