တံတားဦးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား  ကွင်းဆင်းစစ်ဆေး

တံတားဦး  ဩဂုတ်  ၁၅

တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ယနေ့နံနက် ၁၁ နာရီက တံတားဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုက မြို့တွင်းဖွင့်လှစ် ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းများအနေဖြင့် စက်သုံးဆီဈေးနှုန်းပြောင်းလဲလာနိုင်မည်ဟု ယူဆပြီး မိမိတို့အကျိုးစီးပွားကို မျှော်လင့်၍ စက်သုံးဆီပြတ်လပ်သည် သို့မဟုတ် လက်ကျန်နည်းပါး သည်ဟုပြောဆို ရပ်တန့်ခြင်းနှင့် အကန့်အသတ်ဖြင့် ရောင်းချခြင်းများ၊ ဈေးနှုန်းတိုးမှင့်ရောင်းချခြင်း များမပြုရေး၊ ဒေသခံပြည်သူများ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ ပုံမှန်ဖွင့်လှစ်ရောင်းချရေးကို ကြိုးပမ်းဆောင်ရွက်ရေး၊ စက်သုံးဆီများ သတ်မှတ်ဈေးနှုန်းထက်မြှင့်တင်ရောင်းချခြင်းမပြုရေး၊ မီးဘေးလုံခြုံရေးအတွက် အထူးဂရုပြုလိုက်နာဆောင်ရွက်သွားရန်လိုကြောင်း လုပ်ငန်းရှင်များနှင့် စက်သုံးဆီအရောင်းဆိုင် တာဝန်ခံများ အားဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စက်သုံးဆီ အရောင်းဆိုင်များအလိုက် စက်သုံးဆီပြတ်လပ်မှုမဖြစ်ပေါ်ရေး၊ ဆီသိုလှောင်ထားရှိမှုအခြေအနေများ၊ ဆီချိန်တွယ်မှုများ၊ မီးဘေးလုံခြုံမှု ရှိ၊ မရှိ၊ မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ  စနစ်တကျ စီစဉ်ဆောင်ရွက်ထားမှု ရှိ၊ မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများ စက်သုံးဆီအဆင်ပြေစွာ ဝယ်ယူသုံးစွဲနိုင်ရန် ပုံမှန်ဖွင့်လှစ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ရဲတင့်