မေတ္တာမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

မေတ္တာ ဩဂုတ် ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် (Book Club)စာပေချစ်သူများနှင့် (Youth Club)လူငယ်များအသင်းမှ ဆရာအောင်ကိုဦးရေးသားထားတဲ့ လူငယ်တွေစဉ်းစားဖို့ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက မေတ္တာမြို့လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် (Book Club)စာပေချစ်သူ နော်အေးဖောက ယနေ့ခေတ်လူငယ်တွေစာမဖတ်ဘဲ အွန်းလိုင်းအသုံးပြုတာများကြပြီး အချိန်ကုန်ဆုံးကာ အသိပညာဗဟုသုတ ရှာဖွေသူနည်းပါးလာကြတာကို မြင်တွေ့နေရတာပါ။ ဒီနေ့ခေတ်အချိန်မှာ နည်းပညာပိုင်းတွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ နယ်ပယ်အသီးသီးဟာ နည်းပညာများ ပေါင်းစပ်လုပ်ကိုင်ရ ဖြစ်သောကြောင့့် လူငယ်များအနေဖြင့် စာပေဗဟုသုတကြွယ်ဝစေရန် စာပေများများဖတ်စေလိုကြောင်း ဆွေးနွေးကာ(Book Club)အဖွဲ့ဝင် နော်အယ်ခွန်းရီက လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုအဆင့်အတန်းကို ဆုံးဖြတ်ရာတွင် ရုပ်ပိုင်းဆိုင်ရာအဆင့်အတန်းကို သာမကစိတ်ပိုင်းဆိုင်ရာ အဆင့်အတန်းကိုပါ ထည့်သွင်းစဉ်းစားကြရမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကူးလူးဆက်ဆံရေးအရ ဝတ်စားဆင်ယင်မှုပုံစံများ၊ အနုပညာပုံစံများ၊ စာပေပုံစံများမှသည် ယဉ်ကျေးမှုပုံစံများလည်း စိမ့်ဝင်နေမှုရှိကြောင်း ဆွေးနွေးခဲ့သည်။

ထို့နောက်( Youth Club)အဖွဲ့ဝင် နော်ဂေ့ဂေ့ဖိုးက လူငယ်နှင့်စိန်ခေါ်မှုခေါင်းစဉ်ဖြင့် စိန်ခေါ်မှုဖြင့်ယှဉ်ပြိုင်နေကြသော ခရီးလမ်းတစ်လျှောက်မှာ အောင်မြင်များရှိသလို၊ ကျရှုံးသွားသူလည်းရှိကြောင်း၊ စိန်ခေါ်မှုအတွက် ပြင်ဆင်ချိန်ဘယ်လောက်ရသလဲ။ ဘယ်လိုနည်းလမ်းတွေကို အသုံးပြုရမလဲ။ ကိုယ်ရဲ့အားနည်းချက်၊ အားသာချက်များကဘာတွေလဲ ဘဝရဲ့စိန်ခေါ်မှုတစ်ခုကို ကျော်ဖြတ်တိုင်း ကျော်ဖြတ်တိုင်း နိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်ရှိရန်လိုအပ်ကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။

အဆိုပါ (Book Club/ YouthClub)အဖွဲ့များ၏ ဆွေးနွေးချက်များကို မေတ္တာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်အေးအေးချိုက လူငယ်များအနေဖြင့် မိမိတို့ရဲ့အနာဂတ်ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းဖို့ဆိုတာ မိမိကိုယ်တိုင်ယုံကြည်မှု၊ ကြိုးစားမှုရှိဖို့လိုပြီး အနိုင်ရတဲ့အထိ ဆက်လုပ်မယ်ဆိုတဲ့ ဇွဲ၊ သတ္တိနဲ့ မိမိတို့ရဲ့အနာဂတ်ဘဝ ရည်မှန်းချက်ပန်းတိုင်ကြီးကို အောင်မြင်တဲ့နည်းလမ်းများကို ရွေးချယ်လျှောက်လှမ်းကြစေလိုကြောင်း အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးအေးချို (မေတ္တာ)