လဲချားမြို့နယ်တွင်  အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေးစစ်ဆေးပေး

လဲချား သြဂုတ် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်(၁၀)နာရီခွဲချိန်က ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပါသည်။

ထိုသို့ ကျောင်းကျန်းမာရေး စစ်ဆေးပေးရာတွင် ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊‌ ကျောင်းသူများအား ကိုယ်အလေးချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစားစစ်ဆေးခြင်း၊ သွားကျန်းမာရေး စစ်ဆေးခြင်းနှင့်အထွေထွေရောဂါများကို စစ်ဆေးပေးခဲ့ပြီး ဆေးကုသပေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 လဲချား(မြို့နယ်ပြန်/ဆက်)