မိုင်ဖြတ် ဩဂုတ် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ကျင်းပပြုလုပ်သည့် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက အထက(မိုင်းဖြတ်)၊ အထက(ဟိုနား)နှင့် အလက(ခွဲ)၂၂၁ ကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးဟောပြောပွဲပြုလုပ်ရာတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက အားကစားမှူး ဦးအောင်ကြည်စိုးထွေးက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မိုင်းဖြတ်မြို့နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်အဖွဲ့က (Finance Dance) အကကို သရုပ်ပြခဲ့သည်။ ယင်းနောက် အားကစားမှူး ဦးအောင်ကြည်စိုးထွေးက သက်ဆိုင်ရာကျောင်းအုပ်ဆရာမကြီးများနှင့် တာဝန်ရှိသူများထံ အားကစားအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များအနေဖြင့် နေ့စဉ်ကျောင်းစာများသင်ယူလေ့လာခြင်းသာမက ကိုယ်လက်လှုပ်ရှားအားကစားများကိုပါ စိတ်ပါဝင်စားလာစေရန်၊ စိတ်ပါဝင်စားသည့် ကျောင်းသား၊ ကျောင်းသူများကို (Finance Dance)ကျောင်းအလိုက် နည်းပြဆရာများက လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)