ဆွမ်ပရာဘွမ် သြဂုတ် ၁၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အခြေခံပညာ မူလတန်းကျောင်းသား၊ ကျောင်သူများ ဉာဏ်ရည်ထက်မြက် လာစေရန်အတွက် စိတ်ကြိုက်ပန်းချီ ဆွဲပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဂျေအားနာက စိတ်ကြိုက်ပန်းချီ ဆွဲပြိုင်ပွဲ ကျင်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အဆိုပါ ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်ပညာမြှင့်မားတိုးတက်စေရန်၊ ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်များငှားရမ်းဖတ်ရှုခြင်း အလေ့အကျင့်ကောင်းများ ရှိလာစေရန်၊ အချင်းချင်းဆွေးနွေးတိုင်ပင်တတ်လာစေရန်၊ လိမ္မာရေးခြားရှိလာစေရန်၊ သုတ/ရသဖတ်ရှု ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ခံစားသိရှိလာစေရန်အတွက် စိတ်ကြိုက်ပန်းချီဆွဲ ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ၁၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူ များအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့သည်။
ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)