မတ္တရာ ဩဂုတ် ၁၅
၂၃ ကြိမ်မြောက် မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးမောင်မောင်သန်းမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲအပြီးတွင် အကဲဖြတ်ဒိုင်များနှင့် ဆုရရှိသော ပြိုင်ပွဲဝင်များအား တာဝန်ရှိသူများ ချီးမြှင့်ငွေများနှင့် ဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ အကဲဖြတ်ဒိုင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ အထက်တန်းကျောင်းအုပ်ကြီးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆရာ၊ ဆရာမများတက်ရောက် အားပေးကြည့်ရှုခဲ့ ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)