လားရှိုး ဩဂုတ် ၁၅
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံး ၊ Community Centre ရှိ ဘက်စုံသုံးခန်းမတွင် ယနေ့မွန်းလွဲ (၁)နာရီအချိန်က ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် “ ပလပ်စတစ်သုံးစွဲမှုလျော့နည်းစေရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ရိုက်ကူးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက “ ပလပ်စတစ်အိတ်များကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသည့် အကြောင်းရင်းများ၊ ပလပ်စတစ်သုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သည့် ကျန်းမာရေးပြဿနာများ၊ ပလပ်စတစ် သုံးစွဲမှုလျော့ချရန်နည်းလမ်းများ၊ စွန့်ပစ်ပစ္စည်းလျော့ချရေးအတွက် ထုတ်ပြန်ထားသည့် မဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ်များအကြောင်း”ကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။
လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတရရှိစေရန် Talk Show အစီအစဉ်များ၊ဆွေးနွေးပွဲများစသည့် အခြားအသိပညာ ဗဟုသုတရဖွယ်များအား ရိုက်ကူးပေးလျက်ရှိနေပြီး We Love Lashio Facebook Page တွင် လွှင့်တင်ပေးလျက်ရှိနေကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)