မိုင်းပန် ဩဂုတ် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊မိုင်းပန်မြို့နယ်တွင် ဩဂုတ်လ ၁၂ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့်နမ်စန်-မိုးနဲ-မိုင်းပန်-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ် (၀/၅)၊(၀/၆) ကြားအရှည် (၁၀)ပေ၊ အကျယ်(၁၄)ပေ သစ်သားတံတားသည် ဩဂုတ်လ(၁၃)ရက်နေ့ ညနေပိုင်းတွင် မိုးရေနှင့်အတူ မျောပါသွားခဲ့ ကြောင်းသိရသည်။
ယခုအခါ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာသွား လာနိုင်ရေးအတွက် လမ်းဦးစီးဌာနရှိ တာဝန်ရှိသူများမှ မူလသစ်သားတံတား အရှည်(၁၀) ပေအကျယ်(၁၄)ပေအစား အရှည်(၅၀)ပေ အကျယ်(၁၃)ပေရှိသော တစ်လွှာတစ်ထပ် ဘေလီ တံတားကို ဆောက်လုပ်ပေးလျက်ရှိပြီး အဆိုပါတံတားတည်ဆောက်နေမှုအား ယနေ့ ညနေပိုင်း အချိန်တွင် ပြီးစီးအောင်တည်ဆောက်သွားမည်ဖြစ်ကြောင်း လမ်းအထူးအဖွဲ့(၅)မှ တာဝန်ခံ အရာရှိ ဦးနိုင်လင်းခိုင်ထံမှသိရသည်။
မိုင်းပန်(ပြန်/ဆက်)