မိုင်းဆတ် ဩဂုတ် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ခရိုင်အဆင့် ကျောင်းကျန်းမာရေးစစ်ဆေးခြင်းကို အ.ထ.က(မိုင်းဆတ်) မြတ်ပညာခန်းမတွင် ယနေ့နံနက် (၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျန်းမာရေးဝန်ထမ်းများက အ.ထ.က(မိုင်းဆတ်)ရှိ KG၊ Grade-(1)၊ (2)၊ (3)၊ (4)၊ (5) မှ ကျောင်းသား၊ ကျောင်းသူများအား အရပ်မီတာတိုင်းခြင်း၊ ကိုယ်အလေးအချိန် ချိန်ခြင်း၊ တစ်ကိုယ်ရည် သန့်ရှင်းရေးစစ်ဆေးခြင်းများဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူ တစ်ဦးချင်း၏ ကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်များ ဖြည့်သွင်းပေးခဲ့သည်။
ကျောင်းကျန်းမာရေး ရက်သတ္တပတ်ဆောင်ရွက်ခြင်း လုပ်ငန်းများကို မိုင်းဆတ်မြို့နယ်အတွင်းရှိ အခြေခံပညာထက်/လယ်/မူကျောင်းများသို့ အလှည့်ကျကွင်းဆင်းကာ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
မြင့်မောင်(ပြန်/ဆက်)