နွားထိုးကြီး ဩဂုတ် ၁၅
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဥပဒေရုံးတို့ပူးပေါင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေးအကြောင်း အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုပြုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင့်လွင်ဦးမှ လူန်ကုးမှုတိုက်ဖျက်ရေး အသိပညာပေးနှင့်ပတ်သက်၍ ပြည်သူများသိသင့်သိထိုက်သည်များကို ဆွေးနွေးမေမြန်းရာတွင် ဥပဒေအရာရှိ ဒေါ်မွန်မွန်အောင်က လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
လူကုန်ကူးမှုတိုက်ဖျက်ရေးအကြောင်း အသိပညာပေး Talk Show အစီအစဉ်တွင် ဥပဒေရုံးမှ ဒေါ်မွန်မွန်အောင်က လူကုန်ကူးမှုဆိုဘာလဲ၊ ဘဠ်လိုလူမျိုးများကို လူကုန်ကူးခံနိုင်ရမှုများ၊ လူကုန်ကူးခံရသူများ၏ဆိုးကျိုးများ၊ ဥပဒေများကိုလိုက်နာခြင်းမရှိပါက ဥပဒေအရအရေးယူနိုင်ကြောင်းတို့ကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်