ကြာအင်းဆိပ်ကြီးမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ စာပေစကားဝိုင်းကျင်းပ

ကြာအင်းဆိပ်ကြီး ဩဂုတ် ၁၅

ကျောင်းနေအရွယ် ကျောင်းသားလူငယ်များအား သုတ၊ ရသ စာအုပ်စာစောင်များအား လေ့လာဖတ်ရှုပြီး စာပေအသိအမြင်များနှင့် အထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး အတွက် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့မှ ပူးပေါင်းဆောင်ရွက်ကျင်းပဆောင်ရွက်သည့် စာ‌‌ပေစကားဝိုင်းကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က အဆိုပါသင်တန်းကျောင်းခန်းမ၌ ပြုလုပ်ကျင်းပသည်။

အဆိုပါစကားဝိုင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းကြည်က စာပေစကားဝိုင်းပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးဦးမိုးကျော်က စာပေစကားဝိုင်းပြုလုပ်ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း‌ပြောကြားသည်။

ထို့နောက် လူငယ်အသိပညာပေးစာပေစကားဝိုင်းအား ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်နှင်းကြည် နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးဦးမိုးကျော်က စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်ဒေါ်နန်းညွန့်ညွန့်ဆွေနှင့် သင်တန်းကျောင်းမှ ကျောင်းသားများပါဝင်၍ အထွေထွေသိမှတ်ဖွယ် လူငယ်အသိပညာပေး စာပေစကားဝိုင်းအား ဆွေးနွေးပြောကြား‌ကျင်းပခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး (ပြန်/ဆက်)