မိုင်းခုတ် ဩဂုတ် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် အများပြည်သူများ သတင်းအဆိပ်သင့်ခြင်းအန္တရာယ်မှ ကင်းဝေးနိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသည့် ဒို့ကျေးရွာဂျာနယ်အတွဲ(၁၉)၊ အမှတ်(၁၄)ပါ မောင်မောင်ဟိန်း (အင်းတိုင်)၏''သတင်းစားသုံးကြသူများ''ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်းစားသုံးကြသူများ အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းနှင့် အငယ်တန်းစာရေး ဒေါ်ဇင်မီမီထွန်းက သတင်းစစ်ပွဲဖြင့် နေ့စဉ်တိုက်ခိုက်၊ သတင်းအဆိပ်သင့်မှု၊ ငါနှင့်မတူ ငါ့ရန်သူအယူအဆ၊ ပြည်သူအချင်းချင်း သွေးကွဲနေသရွေ့၊ ပြည်ဖျက် မီဒီယာများ၏ ဝါဒမှိုင်း၊ နိုင်ငံ၏အနာဂတ်ကို ဖျက်ဆီးနေ၊ အဆိပ်ခတ်ထားသောသတင်းများစသည့် ခေါင်းစဉ်များဖြင့် အကျယ်တဝင့်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးမှ ဖွင့်လှစ်ထားသည့် We Love Mong Khoke Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ပြီး အများပြည်သူများအနေဖြင့် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)