နောင်ချို ဩဂုတ် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ ကွင်းဆင်း၍ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် (၉:၀၀)နာရီအချိန်မှစ၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်စန်းဦး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ဂျပန်ဦးနှောက်ရောင်ရာဂါသည် သွေးလွန်တုပ်ကွေးကဲ့သို့ ခြင်မှတဆင့်ကူးစက်တက်သော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး ဦးနှောက်ရောင်ရမ်းမှုကို ဖြစ်စေနိုင်ခြင်း၊ အသက်အန္တရာယ် စိုးရိမ်ရခြင်းတို့ကြောင့် ဂျပန်ဦးနှောက်ရောင်ရောဂါ ကင်းဝေးစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာစွာ ပညာသင်ကြားနိုင်စေရန်ရည်ရွယ်၍ နောင်ချိုမြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ(၉)နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
နောင်ချိုမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းကျန်းမာရေးလုပ်ငန်းများကို အခြေခံပညာကျောင်းများသို့ ဆက်လက်ကွင်းဆင်းဆောင်ရွက်သွာမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)