တပ်ကုန်းမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဆောင်ရွက်

တပ်ကုန်း ဩဂုတ် ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show)အစီအစဉ်ကို ယနေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

အဆိုပါ( Talk Show )တွင် တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)တို့က ကလေး အလုပ်သမားဆိုတာ ဘယ်သူတွေကို ခေါ်တာလဲ၊ ကလေးအလုပ်သမားပပျောက်ရေး ဘာကြောင့် အရေးကြီးတာလဲ၊ ကလေးအလုပ်သမားတွေ လျော့ချဖို့ဆောင်ရွက်သင့်တဲ့နည်းလမ်းများ စသည့် မေးခွန်းများဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှ တစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ဆွေးနွေးကျင်းပခဲ့သည့် ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး(Talk Show)အပြည့်အစုံကို တပ်ကုန်းမြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။

တင်စိုးလွင်