အိမ်မဲမြို့မစျေးကြီးအတွင်း ပုဇွန်နှစ်ကောင်တံဆိပ် စားသုံးဆီရောင်းချခြင်းရှိ/မရှိစစ်ဆေး

အိမ်မဲ သြဂုတ် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့မစျေးကြီးအတွင်း စာသုံးဆီရောင်းချသော စျေးဆိုင်များတွင် ပုဇွန်နှစ်ကောင်တံဆိပ်စားသုံးဆီရောင်းချခြင်း ရှိ/မရှိစစ်ဆေးခြင်းကို သြဂုတ် ၁၂ ရက်နေ့ နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး မြို့မစျေးကြီးအတွင်း ရောင်းလျက်ရှိ တဲ့ ကုန်စုံဆိုင်များမှာ ပုဇွန်နှစ်ကောင်တံဆိပ် စားသုံးဆီရောင်းချခြင်း ရှိ/မရှိကို လိုက်လံစစ်ဆေး တာဖြစ်ပါတယ်။ ရောင်းချတဲ့ဆိုင်လည်း မရှိပါဘူးလို့” မြို့နယ်တာဝန်ခံ ဦးလေးလွင် ပြောကြားချက်အရ သိရသည်။

ယင်းလုပ်ငန်းများကို အိမ်မဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးလေးလွင် ဦးဆောင်ပြီး မြို့မစျေးမှ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး စျေးကြီးအတွင်းရှိ ကုန်စုံဆိုင်များတွင် ပုဇွန်နှစ်ကောင်တံဆိပ်စားသုံးဆီ ရောင်းချခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့​ခြင်းဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)