မင်းတုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုထပ်ဆောင်း ထိုးနှံရေးအသိပေးကြေညာ

မင်းတုန်း ဩဂုတ် ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အပိုထပ်ဆောင်း ထိုးနှံကြရန် ယမန်နေ့ည ၇ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးကြေညာခဲ့ကြသည်။

ထိုသို့ကြေညာရာတွင် ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးတိုင်း အကာအကွယ်ပေးနိုင်သည့် ကာလသည် ၆ လအထိသာရှိ၍ ရပ်ကွက်/ကျေးရွာများတွင် စုရပ်အသီးသီးသတ်မှတ်ပြီး ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံသည့်အခါ ကာကွယ်ဆေးထိုးနှံမှု ၆ လ ပြည့်ပြီးသူတိုင်း ထပ်ဆောင်းကာကွယ်ဆေး (Booster) မဖြစ်မနေထိုးနှံကြရန် ကြေညာခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)