ကျွန်းလှ ဩဂုတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် ဒုတိယအပတ်အဖြစ် အသက် ၆ လမှ ၅ နှစ်အထိ ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေး တိုက်ကျွေးခြင်းကို ယနေ့ နံနက် ၈ နာရီက မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျွန်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာဝင်းဇော်ဌေး၏ လမ်းညွှန်မှုဖြင့် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်မြင့်မြင့်မိုး ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက ကလေးငယ်များအား ပေါင်ချိန်ခြင်း ဆောင်ရွက်ပြီး အသက် ၆ လမှ ၁ နှစ် ကလေးငယ်များအား ဗီတာမင်အေ တစ်သိန်းအား၊ အသက် ၁ နှစ်မှ ၅ နှစ် ကလေးငယ်များအား ဗီတာမင်အေ နှစ်သိန်းအားနှင့် သန်ချဆေးများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ