ဒေးဒရဲ သြဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာသန်စွမ်းသော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရေး ရည်ရွယ်၍ ကျောင်းကျန်းမာရေးလုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက် ရှိရာ ယမန်နေ့က တမွှတ်ကျေးရွာအုပ်စု၊ ကျွန်းကြားအခြေခံမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းကို မိချောင်းအိုင်ကျေးလက်ကျန်းမာရေးဌာနက တာဝန်ရှိသူများ က ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးကုသ ပေးခြင်း၊ ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာပေးခြင်း၊ ကိုယ်ခန္ဓာကြီးထွားမှုစစ်ဆေးပေးခြင်း သံချဆေးတိုက်ကျွေးခြင်း လုပ်ငန်းများ၊ ကျောင်းနှင့်ပတ်ဝန်းကျင်သန့်ရှင်းမှုအခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် ကျောင်းကျန်းမာရေးလုပ်ငန်းများကို အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ ကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ ကျောင်းကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများကို သန်ချဆေးတိုက်ကျွေးခြင်းများကို ပညာရေးဌာနနှင့် ပူးပေါင်း ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေဇာလင်း