ညောင်ဦး ဩဂုတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးရာနှုန်းပြည့် ထိုးနှံပြီးသော်လည်း ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် Mobile ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီး/မပြီး ဆေးထိုးပြီးကြောင်း သက်သေခံ လက်မှတ်ရှိ/မရှိကို မြို့အဝင်အထွက်ဂိတ်များတွင် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့နံနက် ၆ နာရီခွဲအချိန်ကစတင်ပြီး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ကိုဗစ်ကာကွယ်ဆေးအား ထိုးနှံပြီး/မပြီးနှင့်ဆေးထိုးပြီးကြောင်း သက်သေခံလက်မှတ်များ ရှိ/မရှိတို့ကိုစစ်ဆေး ဆောင်ရွက်လျက်ရှိကြရာ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား မြို့အဝင်အထွက်ဂိတ်တွင်ချက်ခြင်း ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ဌာနဆိုင် ရာများနှင့်ရပ်ကွက်အုပ်ချုပ်ရေး မှူးများပါဝင်သည့် Mobile ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရာ၌ မကျန်ရှိစေရေး မြို့နယ်အတွင်းရှိ ပြည်သူများကိုစည်းရုံးပြီး ကာကွယ်ဆေးရာနှုန်း ပြည့်ထိုးနှံနိုင်ရေး စစ်ဆေးကြီးကြပ်ထိုးနှံပေးလျက်ရှိကြောင်း သိရကာညောင်ဦး လေဆိပ်လမ်းဆုံ၊ ညောင်ဦး-ချောက်သွား ကားလမ်းလောကနန္ဒာဥယျာဉ်ဂိတ်၊ ညောင်ဦး-မြင်းခြံ လက်ပံခြေပေါ်ဂိတ်၊ မဏိစည်သူဈေးနှင့် ဘုဉ်းစဉ်အခွန်လွတ်ဈေးနေရာများတွင် Mobile ပူးပေါင်းအဖွဲ့က စစ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုကြေးမုံ