ချောင်းဆုံမြို့နယ်တွင် မျိုးစေ့ထုတ်မျိုးစပါး စိုက်ပျိုးသည့် တောင်သူ(၂၅၈)ဦးအတွက် ယူရီးယားဓာတ်မြေဩဇာ ဖြန့်ဖြူးပေးခဲ့ပြီးဖြစ်

ချောင်းဆုံ ဩဂုတ် ၁၄

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် စပါးသီးနှံစိုက်ပျိုးမှုနှင့် မျိုးစေ့ထုတ် စိုက်ပျိုးရေးကဏ္ဏတွင် လုပ်ကိုင်သည့် တောင်သူများ အဆင်ပြေစေရန်အတွက် ပြည်နယ်အစိုးရ၏ လမ်းညွှန်မှုဖြင့် ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် (ပထမ) အကြိမ်အဖြင့် တောင်သူ(၂၅၈)ဦးအား ယူရီးယား ဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်ပျိုးဧက (၆၅၁၀၅) လျာထားဧကအနက် ဇူလိုက်လကုန်အထိ (၆၁၇၈၃)ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း၊ အဆိုပါ စိုက်ပျိုးပြီးဧကအနက် မျိုးစေ့ထုတ်ဘက်စုံ အဆင့်မြင့် နည်းပညာသုံး စံပြစိုက်ကွက်မှာ (၄၁၆)ဧကရှိပြီး စိုက်ပျိုးပြီးစီးသည့် စပါးသီးနှံများ အထွက်နှုန်းပိုမိုကောင်းမွန်စေရန်အတွက် မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းမှထုတ်လုပ်သည့် ယူရီးယားဓာတ်မြေဩဇာကို ယခု (ပထမ)အကြိမ်အဖြင့် ကျေးရွာ(၁၄)ရွာမှ တောင်သူ (၂၅၈)ဦးအတွက် ဓာတ်မြေဩဇာ(၇၉၀) အိတ်ကို တစ်အိတ်လျှင် (၃၁၅၀၀)ကျပ် နှုန်းဖြင့် ဖြန့်ဖြူးပေးခဲ့ပြီး ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)