ပခုက္ကူ သြဂုတ် ၁၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံးကြီး၌ တက်ရောက်ဆေးကုသမှု ခံယူကြ သည့် လူနာများ၏ သွေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်သူ့အကျိုးပြု လုပ်ငန်းအဖြစ် ယမန်နေ့ နံနက် ၉ နာရီက စုပေါင်းသွေးလှူဒါန်းကြသည်။
စုပေါင်းသွေးလှူဒါန်းခြင်းကို အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်မှ အရာရှိစစ်သည်နှင့် မိသားစုဝင်များ၊ ပခုက္ကူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား (၆၉)ဦးတို့က ကျန်းမာရေးစစ်ဆေးမှုခံယူပြီး စုပေါင်းသွေးလှူဒါန်းကြသည်။
စုပေါင်းသွေးလှူဒါန်းရာသို့ အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ် တပ်မမှူးဗိုလ်မှူးချုပ် မျိုးဆက်အောင်၊ မကွေးတိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ယုနိုင်၊ ပခုက္ကူခရိုင် အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဇေယျာလင်းအောင်၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်နိုင်ဝင်းနှင့် တာဝန်ကျဆရာဝန်များ၊ သူနာပြုများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးတို့က သွေးလှူ ရှင်များအား ဂုဏ်ပြုအားပေးစကားများ ပြောကြားပြီး အဟာရဖြည့်ကြက်ဥနှင့် စားသောက်ဖွယ်ရာများ၊ အချို့ရည်များ၊ ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကိုဇော်(ဓာတု)