သံဖြူဇရပ် သြဂုတ် ၁၄
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကျိုက္ခမီ)၌ ကျောင်းကောင်စီ ဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အခြေခံ ပညာအထက်တန်းကျောင်း (ကျိုက္ခမီ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၈ နာရီ အချိန်မှ စတင်၍ ကျိုက္ခမီမြို့ရောင်စဉ်နီဖူဆယ်ဘောလုံးကွင်းတွင် အသင်း(၅)သင်းဖြစ်သည့် အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရားနှင့် ဗန္ဓုလအသင်း(၅)သင်းတို့မှ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကစား ခဲ့ရာ ဗိုလ်လုပွဲတွင် အနော်ရထာ ဖူဆယ်ဘောလုံးအသင်းနှင့် ဗန္ဓုလဖူဆယ် ဘောလုံးအသင်းတို့ နောက်ဆုံး ယှဉ်ပြိုင်ကစားကြရာ အနော်ရထာ ဖူဆယ်ဘောလုံးအသင်းက ဗန္ဓုလဖူဆယ်ဘောလုံးအသင်းကို (၂) ဂိုး (၁)ဂိုး ဖြင့် အနိုင်ရဗိုလ်စွဲ၍ ပထမဆုကြီးအား ဆွတ်ခူးရရှိခဲ့သည်။
ထို့နောက် အနိုင်ရဗိုလ်စွဲ ပထမဆုဆွတ်ခူးရရှိသွားသော အနော်ရထားဖူဆယ် ဘောလုံးအသင်း ဒုတိယဆုရရှိ သောဗန္ဓုလအသင်းနှင့် တတိယဆုကို အလောင်းဘုရားအသင်းတို့မှ ရရှိပြီး ဆုရဖူဆယ်ဘောလုံအသင်းများ အား မွန်းလွဲ ၂ နာရီတွင် အခြေခံပညာအထက်တန်းကျောင်း (ကျိုက္ခမီ)၌ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီလွင်မှ ဆုဖလားနှင်းငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အေးအေးသီ(ပြန်/ဆက်)