အိမ်မဲ သြဂုတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ချောင်းဝပိုင်းရပ်ကွက် (၈) လမ်းတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများ တူဖော်ဆောင်ရွက်ခြင်းကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ယနေ့နံနက် (၈)နာရီတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဇော်နှင့် ဝန်ထမ်းများက ချောင်းဝပိုင်းရပ်ကွက်(၈)လမ်းတွင် မိုးတွင်းကာလ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် စက်ယန္တယားများဖြင့်ရေမြောင်းများကို အနက်နှိုက်တူးပေးခြင်း၊ ရေမြောင်းများအတွင်း အမှိုက်သရိုက်များနှင့်နှုံး များဆယ်ယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခြားကျန်ရှိနေသေးသော ရပ်ကွက်များရှိ လမ်းများတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
ချစ်သက်လယ်(အိမ်မဲ)