လပွတ္တာမြို့နယ်၊ ကျောက်မှော်ကျေးရွာအုပ်စု၊ အောက်ချောင်းကျေးရွာ စိုက်ပျိုးရေးပညာပေးစခန်းရှေ့ သဘာဝရေပြင်အတွင်း ငါးမျိုးများစိုက်ထည့်

လပွတ္တာ   ဩဂုတ်     ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကျောက်မှော်ကျေးရွာအုပ်စု၊ အောက်ချောင်းကျေးရွာ စိုက်ပျိုးရေးပညာပေးစခန်းရှေ့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ သဘာဝရေပြင်အတွင်းငါးမျိုးစိုက်ထည့်ခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးသူရနှင့် အဖွဲ့ဝင်များ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ ခရိုင်/မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများက သဘာဝရေပြင်အတွင်းသို့ ငါးမြစ်ချင်း သားပေါက် ကောင်ရေ (၁၀၀၀၀၀)နှင့် ငါးခုံးမ သားပေါက် ကောင်ရေ (၁၀၀၀၀၀)တို့ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)