အမ်း ဩဂုတ် ၁၄
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်းကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာ ယပညာ ဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျောင်းသား/ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြင့်မား၍ ဗလငါးတန်ပြည့်ဝစေရန် ကိုယ်လက်လှုပ်ရှား အားကစားနည်းများကို ယမန်နေ့နေ့လည်က အခြေခံပညာ အလယ်တန်းကျောင်း အမ်းမြို့၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပို့ချသင်ကြားပေးသည်။
ထိုသို့သင်ကြားပေးရာတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ် အားကစားမှူး ဦးကျော်ဝေက ကိုယ်ကာယလှုပ်ရှားခြင်းကြောင့် ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျန်းမာရွှင်လန်းပြီး စိတ်ကြည်လင်လန်းဆန်းမှုကိုရရှိစေပြီး ပညာသင်ကြားရာတွင် အထောက်အပံ့ကောင်းများရရှိစေရန်၊ ကျန်းမာပျော်ရွှင်စွာဖြင့်ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ဗလငါးတန် ပြည့်ဝစေရန်တို့ကို ရည်ရွယ်လျက်ပို့ချသင်ကြားပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြား ခဲ့သည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးကျော်ဝေ ဦးဆောင်၍ ဝန်ထမ်းမှတက်ရောက်လာကြသော ကျောင်သား/ကျောင်းသူများ ကျန်းမာ ကြံ့ခိုင်ရေးအတွက် တိုက်ကွန်တိုအားကစားနည်းများကို ပြသင်ကြားပေးရာ ကျောင်းသား/ ကျောင်းသူများမှလည်း ပျော်ရွှင်စွာ လိုက်ပါလေ့ကျင့်ခဲ့ကြကာ မြို့နယ်အားကစားမှူး ဦးကျော်ဝေက အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
စိုးမင်းထွန်း