မုဒုံမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများအား အာဟာရနွားနို့တိုက်ကျွေး

မုဒုံ      သြဂုတ်    ၁၄

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေ အရွယ်ကလေးများအား နွားနို့တိုက်ကျွေးခြင်းကို ယမန်နေ့က အခြေခံပညာစာသင်ကျောင်းများ၌ ပြုလုပ်ခဲ့သည်။

အာဟာရတိုက်ကျွေးခြင်းနှင့်ပတ်သက်၍ မော်လမြိုင်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က ကျောင်းနေအရွယ်ကလေးများ အာဟာရပြည့်ဝသည့် အစာအစား စားသောက်ခြင်းဖြင့် ဉာဏ်ရည်ဖွံ့ဖြိုးထက်မြက်လာစေရန်၊ ကိုယ်ခန္ဓာကျန်း မာကြံ့ခိုင် သန်စွမ်းစေရန် အတွက် အာဟာရပြည့်ဝသည့် နွားနို့သောက်သုံးခြင်း အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အ.မ.က(ကန်ကြီး)စာသင်ကျောင်းရှိ ကျောင်းသား/သူ ၁၇၄ ဦး၊ အ.မ.က(အဲမွန်ဒယာ)စာသင်ကျောင်းရှိ ကျောင်းသား/သူ ၁၆၉ ဦး၊ အ.မ.က (ခေမာ)စာသင်ကျောင်းရှိ ကျောင်းသား/သူ  ၇၃  ဦး စုစုပေါင်း ၄၁၆ ဦးအားနွားနို့  ၁၀၃ လီတာကို တိုက်ကျွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နွားနိုးများကို မြစိမ်းရောင်(အသားကဏ္ဍ) နို့စားမွေးမြူရေးအဖွဲ့မှလှူဒါန်းထားကြောင်း မုဒုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ  သိရှိရသည်။

သားငယ် (မုဒုံ)