မင်းလှ၌ ဌာနဆိုင်ရာနှင့် ပရဟိတအသင်းများ ချစ်ကြည်ရေး ဖူဆယ်‌ဘောလုံးပြိုင်ပွဲကျင်းပ

မင်းလှ ဩဂုတ် ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အားကစားကွင်းရှိ ဘက်စုံသုံးအာကစားခန်းမ၌ ၂၀၂၂ ခုနှစ်၊ မြို့နယ်အားကစားနှင့် ကာယပညာ‌ကော်မတီမှ ကျင်းပသော ဌာနဆိုင်ရာနှင့် ပရဟိတအသင်းများ ချစ်ကြည်ရေး ဖူဆယ်‌ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (အတွင်းရေးမှူး) မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းပိုင်က အားကစားသမားများကို လက်ဆွဲနှုတ်ဆက် အားပေးစကားပြောကြား၍ ယနေ့စတင် ယှဉ်ပြိုင်ကြသည့် သရက်တပင်ပရဟိတနှင့် စိန်ကန့်လန့်ပရဟိတ၊ စစ်ကွင်းပရဟိတနှင့် လူမှုကယ်ဆယ်ရေးပရဟိတ ပြိုင်ပွဲတို့ အား ကြည့်ရှုအားပေးခဲ့သည်။

ဖူဆယ်ပြိုင်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် သရက်တပင်(ပရဟိတ)၊ စိန်ကန့်လန့် (ပရဟိတ)၊ စစ်ကွင်း(ပရဟိတ)၊ အောက်ဆီဂျင်(ပရဟိတ)၊ လူမှုကယ်ဆယ်ရေး (ပရဟိတ)၊  သစ္စာ‌‌ရွှေစင် (ပရဟိတ)၊ အခမဲ့လူနာတင်ယာဉ် (ပရဟိတ)၊ ဖြူစင်မေတ္တာ (ပရဟိတ)၊ အင်ကြင်းမြေ(ပရဟိတ)၊ သုခဒါယီ (ပရဟိတ) အသင်းအဖွဲ့များ စုစုပေါင်း(၁၁)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ မြို့နယ်အားကစားမှူး ဦးလှဖုန်းနှင့် ဒိုင်လူကြီး များက ဖူဆယ်ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ပြိုင်ပွဲများကို ကြီးကြပ်ကျင်းပလျက်ရှိပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့် အသင်းများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

ပေါက်စ မင်းလှ