အမ်းမြို့ အဆင့်မြင့်အိမ်တွင်းမှု သင်တန်းကျောင်း၌ အေရိုးဗစ်(Fitnessdance) အက သင်တန်းသင်ကြားပို့ချ

အမ်း ဩဂုတ် ၁၄

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အိမ်တွင်းမှုသင် တန်းကျောင်းတို့ ပူးပေါင်း၍  အေရိုးဗစ်(Fitnessdance)အကသင်တန်းကို ယမန်နေ့ နေ့လည်က အမ်းမြို့ အိမ်တွင်းမှုသင်တန်းကျောင်းခန်းမ၌ သင်ကြားပို့ချခဲ့သည်။

 အဆိုပါအေရိုးဗစ်(Fitnessdance)အက သင်တန်းကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူးဦးကျော်ဝေနှင့်ဝန်ထမ်းများမှ အမ်းမြို့အဆင့်မြင့်အိမ်တွင်းမှု သင်တန်းကျောင်းမှ သင်တန်းသူများအား ကျန်းမာပျော်ရွှင်ပြီးကိုယ်ကာယလှပ၍ အသိပညာဗဟုသုတတိုးပွားစေရန်အတွက်  သင်တန်းသူလူငယ်များအား အေရိုးစ်- Fitnessdance အက ကကွက်နည်းစနစ်များကို စနစ်တကျ သင်ကြားပို့ချပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

စိုးမင်းထွန်း