ပုသိမ်ကြီး သြဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ ယမန်နေ့ နံနက် (၈)နာရီအချိန်က ကျွဲစွန်းဆိပ်ကမ်းတွင် ပြုလုပ်ကျင်းပ ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးခင်မောင်ထွန်း၊ အောင်မြေသာစံခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးဌေးမင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးလှိုင်မြင့်၊ မြို့နယ်အတွင်းရှိ သရက်ကုန်း စခန်းတာဝန်ခံ၊ နတ်ရေကန်စခန်းတာဝန်ခံ၊ ရေနံ့သာ စခန်းတာဝန်ခံ၊ ကူမဲစခန်းတာဝန်ခံများ၊ ပုသိမ်ကြီးမြို့နယ် တာဝန်ခံ ဒေါ်သင်းမြမြထွန်းနှင့် ငါးလုပ်ငန်းစခန်းများမှ ဝန်ထမ်းများ၊ ရေလုပ်သားများ တက်ရောက်ကာ ကျွဲစွန်းဆိပ်ကမ်း အနီး ဧရာဝတီမြစ်အတွင်းသို့ ငါးမြစ်ချင်း ကောင်ရေ (၄၅၀၀၀၀)နှင့် ငါးခုံးမကောင် (၄၅၀၀၀၀) စုစုပေါင်း ကောင်ရေ(၉၀၀၀၀၀)တို့ကို ဧရာဝတီမြစ်အတွင်းသို့ စုပေါင်းစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)