သရက်မြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံမည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

သရက် ဩဂုတ် ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose)ထိုးနှံမည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်သည်။       

အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သရက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ကို ဩဂုတ်လ(၁၅)ရက်နေ့မှ အောက်တိုဘာ (၁၅)ရက်နေ့အထိ ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး များ အနေဖြင့် စနစ်တကျ စာရင်းပြုစု၍ မှတ်တမ်းရေးသွင်းရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြ ရန်ပြောကြား သည်။

ဆက်လက်ပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက သရက်မြို့နယ်အတွင်း (Sinovac) ထပ်ဆောင်းကာကွယ်ဆေးကို (၁၃၃၉၁) ဦးအား ဆေးရုံအခြေပြုအနေဖြင့် ပြည်သူ့ ဆေးရုံကြီးတွင် နံနက်(၉)နာရီမှ(၁၂)နာရီနှင့် နေ့လည်(၂)နာရီမှ (၄)နာရီအထိ ထိုးနှံပေးသွားမည် ဖြစ်ပြီး မြို့ပေါ် ရပ်ကွက်များ၌ အဖွဲ့(၂)ဖွဲ့နှင့် ကျေးရွာများတွင် အဖွဲ့(၆)ဖွဲ့ခွဲပြီး ကျန်းမာရေးဝန်ထမ်း များမှ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်၍ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။ ယင်းနောက် အစည်းအဝေးတက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)