အမာမြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် မူလတန်းအဆင့် ကျောင်းသား၊‌ ကျောင်းသူများအား အာဟာရတိုက်ကျွေး

အမာ ဩဂုတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား နို့ဆန်ပြုတ်အာဟာရများ တိုက်ကျွေးခြင်းကို ယနေ့နေ့လည် ၁၂ နာရီက စတင်တိုက်ကျွေး ခဲ့ကြောင်းသိရသည်။

အဆိုပါ ၂၀၂၂-၂၀၂၃ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် နို့ဆန်ပြုတ်အာဟာရကို တိုက်ကျွေးရခြင်းမှာ အနာဂတ်မျိုးဆက်သစ်များ ကိုယ်ခန္ဓာကြီးထွားစေရန်၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်၊ ကလေးငယ်များကျန်းမာကြံ့ခိုင်စေရန် တိုက်ကျွေးရခြင်းဖြစ်ကြောင်း၊ ကလေးငယ်များ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ကြားနိုင်ရန် ကျန်းမာရေးစစ်ဆေးမှုများလည်း ပြုလုပ်ပေးခဲ့ကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော အလေ့အကျင့်ကောင်းများရရှိ‌နိုင်စေရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော ကျောင်းပတ်ဝန်းကျင်ပေါ်ထွန်းလာစေရေး၊ ရေရှည်တည်တံ့ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူပေါင်း (၄၂၃)ဦးကို အာဟာရများ တိုက်ကျွေးခဲ့ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ချယ်ရီထွန်းထံမှ သိရသည်။

အမာ(ပြန်/ဆက်)