“မူလန် “(Mulan)မုန်တိုင်းကြောင့် ဖြစ်ပေါ်နိုင်သည့် သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ လေ့ကျင့်ဆောင်ရွက်

ကျိုက်မရော သြဂုတ် ၁၃

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာနတွင် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်သောင်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည်  “မူလန်”(Mulan)မုန်တိုင်းအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရန်အတွက်  ကြိုတင်ပြင်ဆင်မူများကို လေ့ကျင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့လေ့ကျင့် ပြင်ဆင်မူများဆောင်ရွက်ရာ၌ လူပစ္စည်း၊ စက်လှေယာဉ်၊ စက်များအား အသင့်ပြင်ဆင်ခြင်း၊ မိတ်ဖက်အဖွဲ့အစည်း များနှင့်  ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ခြင်း  မိုးရေတောင်ကျရေနှင့် ပင်လယ်၊ မြစ်ချောင်းအနီး ရေကြီးရေလျံမှုဖြစ်ပွားနိုင်သော ဒေသများအားစောင့်ကြည့်ခြင်း၊ ထူးခြားဖြစ်စဉ်နှင့် ရာသီဥတုပြောင်းလည်းခြင်းများကို အချိန်နှင့်တစ်ပြေးညီ အထက်ဌာနအဖွဲ့အစည်းများသို့ သတင်းပေးပို့ခြင်းများကို ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)