မုဒုံမြို့၌ လူငယ်များစဉ်းစားတွေးခေါ်မှုမြင့်မားစေရန် စစ်တုရင်ပြိုင်ပွဲ ကျင်းပ

မုဒုံ သြဂုတ် ၁၃

မွန်ပြည်နယ် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များစဉ်းစားတွေးခေါ်မှုကို မြင့်မားလာစေရန် ရည်ရွယ်၍ စစ်တုရင်ကစားနည်းပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။

ပြိုင်ပွဲတွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက စစ်တုရင်ကစားခြင်းသည် ဦးနှောက်နှင့် ကိုယ်ပိုင်ဉာဏ်ကို မြင့်မားစေပြီး နည်းစနစ်တကျတွေးခေါ်မြော်မြင်မှု စွမ်းရည်ကိုလည်း များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ အားကစားဝါဒနာရှင် လူငယ်လူရွယ်များအနေဖြင့်  ပြိုင်ပွဲအတွေ့အကြုံကိုရရှိစေရန်အတွက် ကျင်းပပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါပြိုင်ပွဲကို  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်အတွင်း စစ်တုရင်ဝါဒနာရှင် ကျား၊ မ  (၁၂)ဦးတို့က ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

သားငယ်(မုဒုံ)