ဒေးဒရဲမြို့၌ စာသုံးသူရေးရာအကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဒေးဒရဲ သြဂုတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စာသုံးသူရေးရာဦးစီးဌာနက မြို့နယ်အတွင်းရှိ ပြည်သူများ၊ ​ကျောင်းသား၊ ကျောင်းသူများ အစားအစာ ဘေးအန္တရာယ်ရှင်းကင်းစေရေး ရည်ရွယ်၍ စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီက အိုးဘို အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာ​ကြီး ဦးလှ​ဌေးက ဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က စာသုံးသူအကာအကွယ်ပေးရေး ဥပဒေများ၊ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် အစားအသောက်များတွင်ပါဝင်သော ဆိုးဆေးများ၊ တာရှည်ခံဖော်မလင်ပါဝင်နိုင်သော အစားအသောက်များနှင့် ဓာတုပိုးသတ်ဆေးဓာတ်ကြွင်းများပါဝင်သော သီးနှံအန္တရာယ်များကိုရှင်းလင်းပြောကြားခဲ့ပြီး အစားအစာဘေးအန္တရာယ်ကင်ရှင်းရေး ကုန်အညွှန်းအမှတ်သားပါ အစာအစာများစာသုံးရေး၊ စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုများမရှိစေရေးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်သူများ အစားအစာဘေးအန္တရာယ်ကင်ရှင်းရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ကုန်ညွှန်းအမှတ်အသားမပါဝင်သော အစားအစာများ၊ ဆေးဝါးများရောင်းချမှုမရှိစေရေးနှင့် စားသုံးသူနစ်နာမှုမရှိရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေဇာလင်း