ကျိုက်မရော သြဂုတ် ၁၃
မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ် အတွင်း ယခုနှစ် မိုးစပါး စိုက်ပျိုးရန် (၅၁၁၀၁)ကျော် လျာထားစိုက်ပျိုးခဲ့ရာ ယမန်နေ့အထိ စိုက်ပျိုးပြီးဧက ၃ ၇ ၇ ၈၇ ကျော် စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်းနှင့် စိုက်ပျိုးပြီး ရာခိုင်နှူန်းမှာ (၇၃. ၉၅) ရာခိုင်နှုန်းစိုက်ပျိုး ပြီးစီးပြီး သြဂုတ်လ အကုန်တွင် ရာနှုန်းပြည့် ပြီးစီးရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ ဦးစီးမှုးထံမှ သိရ သည်။
မွန်ပြည်နယ် ကျိုက်မရော မြို့နယ်အတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားပြီး စားနပ်ရိက္ခာဖူလုံစေရေးအတွက်မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနအနေဖြင့် ဒေသခံတောင်သူ လယ်သမားများနှင့် ပူးပေါင်း၍ မျိုးကောင်းမျိုးသန့် ရရှိရေး၊ စံပြစိုက်ကွက်များ စိုက်ပျိုးပြသခြင်း အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ တောင်သူနည်းပညာပေးသင်တန်းများဖွင့်လှစ်၍ စိုက်ပျိုးရေးနှင်ပါတ်သက်သည့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယခုနှစ်အတွင်း ဇူလိုင်လနှင့်သြဂုတ်လများ၌ မိုးများ၍ တောင်သူများအနေဖြင့် ရေကျနောက် စိုက် စပါးမျိုးများကို မိုးရေချိန် လျော့နည်းသွားမည့် စက်တင်ဘာလအကုန်တွင် စိုက်ဧက ပြည့်မီအောင် စိုက်ပျိုးသွားနိုင်ရေးအတွက်ကွင်းဆင်းကြီးကြပ်ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)