သထုံမြို့နယ်၌ မရှိ၍မလင်းသူ မရှိစေရ အစီအစဉ်ဖြင့် မျက်စိအခမဲ့စစ်ဆေးပေးပြီး မျက်မှန်အခမဲ့လှူဒါန်း

သထုံ  ဩဂုတ်  ၁၃

မွန်ပြည်နယ်၊ သထုံမြိုနယ်တွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၏ “မရှိ၍ မလင်းသူမရှိစေရ” အစီအစဉ်ဖြင့် မျက်စိ‌ရောဂါဝေဒနာရှင်များအား အခမဲ့ မျက်စိစမ်းသပ် စစ်ဆေးပေခြင်းနှင့် မျက်မှန်လှူဒါန်းပေးခြင်းကို ယနေ့ နံနက်ပိုင်းက လိပ်အင်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ လာရောက်ဆောင်ရွက်ခဲ့ကြသည်။

ယင်းသို့ စစ်ဆေးရာတွင် လာရောက်ပြသကြသည့် မျက်စိဝေဒနာရှင်ပြည်သူများအား သထုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးစကားများပြောကြားပြီး ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတဖွဲ့များက လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါစမ်းသပ်စစ်‌ဆေးပေးမှုမှာ မွန်ပြည်နယ်  ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Good Vision Glasses ရွှေမျက် မှန်ပရဟိတ  အသင်းတို့ပူးပေါင်း၍ “မရှိ၍မလင်းသူမရှိစေရ” အစီအစဉ်ဖြင့် အခမဲ့ မျက်စိပါဝါ စမ်းသပ်ပေးခြင်း၊  One Dollar Glasses မျက်မှန်များ အား  မိုးရာသီလှူဒါန်းမှုအဖြစ် လှူဒါန်းပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သူများအခမဲ့ ​ခွဲစိတ်ကုသပေး ရန်အတွက် ဆက်လက် စီစဉ်ဆောင်ရွက်ပေးခြင်းတို့ကို ဩဂုတ်လ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ နှစ်ရက်ကြာ လာရောက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

နဒီ(ပြန်ဆက်)