အိမ်မဲမြို့နယ် အ-ထ-က (၂)ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကျင်းပ

အိမ်မဲ သြဂုတ် ၁၃

ဧရာဝတီ တိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ကျောင်းကျန်းမာရေးအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရေးနှင့် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အ--က ()ကျောင်း ပညာ့ဗိမာန် ခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကျော်အောင်၊ မြို့နယ် ဒုတိယပညာရေး မှူးဆရာကြီးဦးအောင်မင်းတို့က ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များဖြစ်သော ကျောင်းအခြေပြု ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်း၊ ရောဂါကာကွယ်ရေးလုပ်ငန်း၊ ကျောင်းတွင်းအာဟာရဖွံ့ဖြိုးရေးနှင့်အစားအစာများ အန္တရာယ်ကင်းဝင်းရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့် ကျောင်းမှပြည်သူတွင်းသို့ မူမှန်လူနေမှုဘဝဟန်များရောက်ရှိရေးလုပ်ငန်း၊ နှစ်သိမ့်ပညာပေး ဆွေးနွေးခြင်းနှင့် လူမှုရေးပံ့ပိုးမှုလုပ်ငန်း၊ သင်တန်းနှင့်သုတေသနလုပ်ငန်း၊ ကာယပညာနှင့် အားကစားလုပ်ငန်း အကြောင်းတို့ကို အကျယ်တဝင့်အသီးသီးရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ဆရာဝန်ကြီး၊မြို့နယ်ရဲတပ်ဖွဲ့မှုး မောင်မျိုး၊ ​ဒုတိယမြို့နယ် ပညာရေးမှူး ဆရာကြီးနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်တို့က အခမ်းအနားတက်ရောက်ခဲ့သော ကျောင်းသား /သူများအား သံချဆေးများကို တိုက်ကျွေးခဲ့ကြောင်းသိရသည်။

‘’--က () အိမ်မဲ ကျောင်းက မူလတန်းကနေ အထက်တန်းထိ ကျောင်းသား/သူများအားလုံးကို သံချဆေးတိုက်ကျွေးသွားမှာပါ။ အပျိုဖော်ဝင် အမျိုးသမီးများကိုလည်း သံဓာတ်အားဆေး တစ်ပါတ်ကို ()ကြိမ်တိုက်ကျွေးမှာဖြစ်ပြီး မူလတန်းကျောင်းသား/သူများကို ကျန်းမာရေးစစ် ဆေးပေးခြင်း၊ ဆေကုသပေးခြင်းနဲ့ လိုအပ်ပါကလွှဲပြောင်းကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးမှာဖြစ်ကြောင်းမြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးကျော်အောင်ပြောကြားချက်အရသိရသည်။

ချစ်သက်လယ်(အိမ်မဲ)