အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှုးဗိုလ်ချုပ်အောင်အောင်နှင့်အဖွဲ့ သာပေါင်းမြို့နယ် အဆင့်မြင့်စက္ကူစက်ရုံကုတင်(၂၅)ဆန့်ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက် ဆေးကုသပေးနေမှုကို ကြည့်ရှုအားပေး

သာပေါင်း ဩဂုတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် လှေကြီးတက်ကျေးရွာ၊ အဆင့်မြင့် စက္ကူစက်ရုံကုတင်(၂၅)ဆန့်ဆေးရုံတွင် ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်၍ ပုသိမ်မြို့၊ အမှတ်()စစ်မြေပြင်ဆေးတပ်ရင်းမှ နယ်လှည့်တေးကုသရေးအဖွဲ့က ပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်ဆေးကုသပေးကြသည်။

ထိုသို့ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ဆေးကုသပေးရာ အဆင့်မြင့်စက္ကူ စက်ရုံ ကုတင်(၂၅)ဆန့်ဆေးရုံသို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှုး ဗိုလ်ချုပ်အောင်အောင်နှင့် အဖွဲ့မှ ဆေးကုသမှုလာရောက်ခံယူကြသည့် မြို့ပေါ်နယ်ပေါ်မှ ပြည်သူများအား ကြည့်ရှု အားပေးစကားပြောကြားခဲ့သည်။

ထို့နောက် ပုသိမ်မြို့၊ အမှတ်()စစ်မြေပြင်ဆေးတပ်ရင်း နယ်လှည့်တေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက် ဆေးကုသမှုဆောင်ရွက်ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်များ၊ စက်ရုံမှတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေးမှူးနှင်အဖွဲ့များပူးပေါင်ကူညီဆောင်ရွက်ပေးကြရာ ဆေးကုသမှုခံယူကြသော အထွေ ထွေရောဂါ ပြသဝေဒနာရှင် အမျိုးသား(၁၁၆)ဦး၊ အမျိုးသမီး (၂၄၀)ဦး၊ မျက်စိဝေဒနာပြသဝေဒနာရှင် အမျိုးသား(၇၈)ဦး၊ အမျိုး သမီး(၁၃၆)ဦး၊ စုစုပေါင်း အမျိုးသား(၁၉၄)ဦး၊ အမျိုးသမီး(၃၇၆)ဦး ပေါင်း(၅၇၀)ဦးတို့ကို  ဆေးကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)