ဂွ ဩဂုတ် ၁၃
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ကင်းရုံးရပ်ကွက် အ.မ.က (၂) ကျောင်း၌ ယမန်နေ့နေ့လည်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ် ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေး ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ခံ ဒေါ်မာမာလေးက အသင့်စား စား သောက်ကုန်များအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် လည်းကောင်း၊ အမှတ်(၂)ကင်းရုံး အ.မ.ကမှ ကျောင်းအုပ်ဆရာကြီး ဦးစိုးစိုးငွေက ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုး တက်စေရေးအာဟာရမျှတစွာ စားသုံးပေး ခေါင်းစဉ်နှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ သိကောင်းစရာ ခေါင်းစဉ်များဖြင့် လည်းကောင်း ဟောပြောခဲ့သည်။ ထို့နောက် အသိပညာ ဟောပြောပွဲသို့ တက်ရောက် လာကြသော ကျောင်းသူ/ကျောင်းသားနှင့် မိဘအုပ်ထိန်းသူများကို စားသုံးသူရေးရာ ဦးစီးဌာနမှကုန်ညွှန်းအမှတ်အသားပြည့်စုံမှ စိတ်ချယုံကြည် စားသုံးကြအသိ ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများ ပြသခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်